နေပြည်တော်  ၁၁   ဧပြီ

 

နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍတွင် သက်ဆိုင်ရာဌာန အသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို TV Program ရိုက်ကူးနိုင်ရန် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နည်းပညာနှင့် သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကတို့မှ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် စကားဝိုင်းဆွေးနွေးပွဲ ပုံသဏ္ဌာန်ပြုလုပ်၍ နိုင်ငံပိုင်မီဒီယာ များမှတစ်ဆင့် ရိုက်ကူး ထုတ်လွှင့်သွားရန်၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍအား တာဝန်ယူလျက်ရှိသည့် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီး ဌာနများရှိ နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိသော ဦးစီးဌာနများနှင့် ညှိနှိုင်းပြီး TV Program ရိုက်ကူးရေးစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း။

 

နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ကဏ္ဍနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲ စကားဝိုင်းများ၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ဆောင်ရွက်လျက်ရှိသော သိပ္ပံ၊ ကျောင်း၊ သင်တန်းကျောင်းများ၏ ဆောင်ရွက်နေမှု မှတ်တမ်းများ၊ နည်းပညာနှင့် သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးသင်တန်း အသီးသီးမှ ပြီးဆုံး၍ လုပ်ငန်းခွင် အသီးသီးသို့ ဝင်ရောက် နေမှုများအား အလုပ်ရှင်၊ သင်တန်းသားများနှင့် အင်တာဗျူး ပုံစံများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများရှိ နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိသော ဦးစီးဌာနများနှင့် TV Program များ ရိုက်ကူးသွားရန် လျာထားကြောင်း၊ ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသော နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး သင်တန်းဆိုင်ရာ အချက်အလက်များ ကောက်ယူမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပေး စေလိုကြောင်း၊ ထပ်မံဖြည့်စွက်သင့်သည့် အသေးစိတ် အချက်အလက်များကိုလည်း ဆွေးနွေးပေးစေလိုကြောင်း၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

 

ဆက်လက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ကဏ္ဍတွင် သက်ဆိုင်ရာဌာနများမှ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ TV Program ရိုက်ကူး ဆောင်ရွက်မည့် အစီအစဉ်များ၊ လက်ရှိဆောင်ရွက်နေသော နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး သင်တန်းဆိုင်ရာ အချက်အလက်များ ကောက်ယူမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)