ညောင်လေးပင် ၁၃ ဧပြီ

 


ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ် ၃ ရပ်ကွက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆံရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 


ဆက်လက်၍ ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ငွေဖလားဖြင့် အတာရေပက်ဖျန်းကြပြီး ယိမ့်အဖွဲ့ဝင် လှပျိုဖြူလေးများက မန်းတောင်ရိပ်ခိုသီချင်းဖြင့် သီဆိုကပြဖျော်ဖြော်ခဲ့ကြကြောင်း သိရသည်။

 


ခင်အောင်လှိုင် (ညောင်လေးပင်)

 

ိ