တောင်ကြီး အောက်တိုဘာ ၁၂

 

ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ်အတွင်း သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောက်တိုဘာ ၁၁ ရက် နံနက် ၁၀ နာရီခွဲတွင် ညောင်ရွှေမြို့နယ် မိုင်းပျိုးကျေးရွာအုပ်စု ကျေးထက်ကျေးရွာရှိ မိုးစပါးစီမံကိန်း (သက်တံ့ရောင်စီမံကိန်း) သီးနှံစိုက်ပျိုး ဆောင်ရွက်လျက်ရှိသည့် “မြပုလဲစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း လီမိတက်က စိုက်ပျိုးထားရှိသည့် မိုးစပါး စိုက်ခင်းအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

 

အဆိုပါအသင်းသည် အသင်းသား ၆၀ မှ ရွှေအပ်နှင့် GW -11 စပါးမျိုးများအား ဧက ၂၈၀ စိုက်ပျိုးထားပြီး အသင်းမှလိုအပ်သော ငွေကြေးအရင်းအနှီး၊ သွင်းအားစုများ ပြတ်လပ်မှု မရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ် သမဝါယမအသင်းစုနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးနှင့် သမဝါယမကဏ္ဍမှ စီမံကိန်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။         

 

ဝိုးတောင်း