ညောင်တုန်း စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးအတွက် အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်းသူ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး၍ မီးငြှိမ်းသတ်ခြင်းဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းများအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။               

ဧရာဦးသာ