ညောင်ဦးမြို့နယ်အတွင်း ဝေမျှခြင်းပရဟိတမိသားစုမှ နတ်ပလင်ကျေးရွာနှင့် ချောင်းဝကျေးရွာသို့ သောက်သုံးရေလှူဒါန်း

ညောင်ဦး မေ ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သော ကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲက နတ်ပလင်ကျေးရွာနှင့် ချောင်းဝကျေးရွာသို့ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် နတ်ပလင်ကျေးရွာအတွက် သောက်သုံးရေ ၁၆၀၀ ဂါလန်နှင့် ချောင်းဝကျေးရွာအတွက် သောက်သုံးရေ ၁၆၀၀ ဂါလန် စုစုပေါင်း ၃၂၀၀ ဂါလန် လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်း တာဝန်ရှိသူများထံက သိရသည်။

ဒီပါလင်း