ညောင်ဦး ၇ ဧပြီ
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် အဘိုးအဘွားများကို သက်ရှည် ကျန်းမာစွာ နေထိုင်သွားနိုင်ရန်နှင့် လိုအပ်သော အထောက်အပံ့များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ဧပြီ ၆ ရက် မွန်းလွဲ ၂ နာရီက ညောင်ဦးမြို့နယ် မဲဆန္ဒနယ်မြေ (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင် ၊ ညောင်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်းနှင့် ခရိုင်/မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများအဖွဲ့က ညောင်ဦးမြို့နယ် ဒါန်းကျေးရွာအုပ်စုသို့ သွားရောက်ပြီး အဘိုးအဘွားများထံ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များ အပါအဝင် ကျေးရွာအုပ်စု ၉၁ အုပ်စု၊ ကျေးရွာပေါင်း ၂၂၀ ရှိပြီး အသက် ၈၅ နှစ်အထက် အဘိုး ၃၈၆ ဦး ၊ အဘွား ၇၃၉ ဦး ၊ စုစုပေါင်း အဘိုးအဘွား ၁၁၂၅ ဦး ရှိကြောင်း သိရသည်။ ယင်းနေ့ မွန်းလွဲပိုင်းက ညောင်ဦးမြို့နယ် ဒါန်းကျေးရွာအုပ်စုအတွင်းရှိ အသက် ၈၅ နှစ်အထက် အဘိုးအဘွား ၁၂ ဦး အား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင် (ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ် )အတွက် တစ်လလျှင် ထောက်ပံ့ငွေကျပ် တစ်သောင်းနှုန်းဖြင့် သုံးလစာငွေကျပ် သုံးသောင်းအား ညောင်ဦးမြို့နယ် မဲဆန္ဒနယ်မြေ(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင် ၊ ညောင်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်းနှင့် ခရိုင်/ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများအဖွဲ့က အဘိုးအဘွားများထံ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


