ညောင်ဦး   ၁၀     ဧပြီ      

 

မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးမြို့နယ်အတွင်း သင်္ကြန်ကာလ ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရန်နှင့် သတ်မှတ် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းများနှင့်အညီ ဘေးအန္တရာယ်ကင်းစွာ စနစ်တကျ မောင်းနှင် သွားလာတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီခွဲက ညောင်ဦးမြို့နယ် အမှတ် ၉၃ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့စုမှူး ရဲအုပ် စိုးမိုးအောင် ဦးဆောင်၍ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ပုဂံမြို့သစ်ဈေးအနီး လူစည်ကားရာ နေရာသို့ သွားရောက်ပြီး ယာဉ်အန္တရာယ် ကင်းရှင်းရေး ပညာပေးရှင်းလင်း ဆွေးနွေးခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေခြင်းများ ကွင်းဆင်း    ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့တွင်းသွားလာမောင်းနှင်သော ဒေသခံပြည်သူများနှင့် ခရီးသွားဧည့်သည်များကို သင်္ကြန်ကာလ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းသွားလာရာတွင် အရှိန်ပြင်းစွာ စီးနင်း   မောင်းနှင်ခြင်းများ မပြုလုပ်ကြရန်၊  ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် သတ်မှတ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအတိုင်း သတိပြုလိုက်နာ မောင်းနှင်သွားကြရန်နှင့် အသံကျယ်လောင်စေသော ဆူညံအိတ်ဇောများ တပ်ဆင်မောင်းနှင်ခြင်းများ ရှောင်ကြဉ်သွားကြရန် ပညာပေး ရှင်းလင်းဆွေးနွေးပြောကြားပြီး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် အမှတ် ၉၃ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ  သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)