ညှိနှိုင်းရေးတံခါးတို့ ဖွင့်လှစ်ကြပါစို့

၁၁ ဒီဇင်ဘာ

 

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး ရှုထောင့်တစ်ခုတည်းမှ သုံးသပ်၍ ပြစ်တင်ဝေဖန်ကြပါသည်။ နိုင်ငံတကာအမြင်ရှုထောင့်မှကြည့်သော် တိုင်းရင်းသား ၁၃၅ မျိုးရှိသည်ကို နားမလည်နိုင်(တစ်နည်း) တိုင်းရင်းသားနှင့် နိုင်ငံသားကြား အဓိပ္ပာယ်ကွဲပြားခြားနားမှုရှိသည်ကို နားမလည်နိုင်။ လူသားတို့၏ အခြေခံအခွင့်အရေးတို့ ဆုံးရှုံးနစ်နာနေသည်သာ အရေးကြီးသောကိစ္စရပ်ဖြစ်သည်ဟု နိုင်ငံတကာက ဆိုကြပါသည်။

 

နိုင်ငံတကာအနေဖြင့် နိုင်ငံတော်က ဘင်္ဂါလီမျိုးနွယ်တို့အနက်မှ ဥပဒေနှင့်အညီ နိုင်ငံသား ဖြစ်သင့်ဖြစ်ထိုက်သူတို့အား နိုင်ငံသားအခွင့် အရေးပေးရန် သဘောတူပြီးဖြစ်သည်ကို အလေးအနက် အသိအမှတ်ပြုရန် လိုအပ်ပါသည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့က ဘင်္ဂါလီမျိုးနွယ်တို့အား တိုင်းရင်းသားမျိုးနွယ်စုတစ်စုအဖြစ် အဓိပ္ပာယ် သက်ရောက်စေမည့် အသိအမှတ်ပြုမှုမျိုး မလုပ်နိုင်သည်ကိုလည်း အလေးအနက် အသိအမှတ်ပြုရန်လိုအပ်ပါသည်။ နိုင်ငံတကာအနေဖြင့် နိုင်ငံတော်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသော ဘင်္ဂါလီမျိုးနွယ်တို့အား ပြန်လည်စိစစ်လက်ခံရန် သဘောတူညီပြီး ဖြစ်သည်ကိုလည်း အလေးအနက် အသိအမှတ်ပြုရန် လိုအပ်ပါသည်။

 

နိုင်ငံတကာအနေဖြင့် ရခိုင်ပြည်နယ်၌ တည်ငြိမ်အေးချမ်းမှုကို လိုလားပါက အခြေခံကျသော လူမှု-နိုင်ငံရေးဆိုင်ရာ အချက်တစ်ရပ်ကို အသိအမှတ်ပြုရန် လိုအပ်ပါသည်။ ဤသည်မှာ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ မျိုးနွယ်တို့အနေဖြင့် ကျန်သော တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လိုပါက ထိုကဲ့သို့ နေထိုင်နိုင်မည့် နည်းလမ်းကို ရှာဖွေရမည်ဖြစ်ပါသည်။

 

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမျိုးနွယ်တို့အနေဖြင့် ကျန်သော တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ မိမိနှစ်သက်ရာအမည် မိမိမှည့်ခေါ်၍ မိမိနှစ်သက်သလို နေထိုင်မည်ဟုဆိုပါက ကျန်သော တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ပမာမခန့်ပြုလိုက်ခြင်းသာဖြစ်ပါသည်။ ဧည့်သည်ဖြစ်သော ဘင်္ဂါလီ မျိုးနွယ်တို့က အိမ်ရှင်ဖြစ်သော တိုင်းရင်းသားပြည်သူတို့၏ သဘောထား ဆန္ဒကို ဂရုမစိုက်ဟု ဆိုလိုက်ခြင်းသည် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်မည့် လူမှု-နိုင်ငံရေးဆိုင်ရာ အခြေခံလိုအပ်ချက်ကို ပစ်ပယ်လိုက်ခြင်း ဖြစ်ပါသည်။

 

နိုင်ငံတကာအနေဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမျိုးနွယ်တို့အား နိုင်ငံသား အခွင့်အရေးပေးအပ်သည့် လုပ်ငန်းစဉ်တို့ကို အကြောင်းပြု၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေတို့အား ထိပါးလာစေနိုင်သည့် မည်သည့်လုပ်ရပ်ကိုမဆို လက်ခံမည်မဟုတ်ကြောင်း ရှင်းလင်းစွာ ထုတ်ဖော် ပြောဆိုသင့်ပါသည်။ နိုင်ငံတကာအနေဖြင့် ဘင်္ဂါလီမျိုးနွယ်တို့အား ပြန်လည် စိစစ်လက်ခံခြင်းနှင့် နိုင်ငံသား အခွင့်အရေး စိစစ်ပေးအပ်ခြင်း လုပ်ငန်းစဉ်နှစ်ရပ် ဆောင်ရွက်နေစဉ်ကာလအတွင်း ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုအတွက် တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့တို့နှင့် မည်သို့မည်ပုံ ညှိနှိုင်းကူညီလိုသည်ကို အကြံပြုသင့်ပါသည်။

 

သို့သော် နိုင်ငံတကာက ပြုလုပ်ဆောင်ရွက်နေသည်မှာ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့တို့အပေါ် အရေးယူဒဏ်ခတ်ခြင်းဖြစ်နေ၍ နားမလည်နိုင်စရာ ကိစ္စရပ်ဖြစ်နေပါသည်။ နိုင်ငံနှင့် လူမျိုးတစ်ရပ်လုံး ဖရိုဖရဲပြိုကွဲ လုနီးပါးဖြစ်၍ လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စရပ်များ သမိုင်းစံချိန်တင် ဖြစ်ပွားနေသည့် ဆီးရီးယားပြည်တွင်းစစ်၌ပင် နိုင်ငံတကာက ဆွေးနွေးရေး တံခါးကို ဖွင့်လှစ်နိုင်ပါက ရခိုင်ပြည်နယ်အရေးကိစ္စ၌ ဆွေးနွေးရေးတံခါး မဖွင့်လှစ်ဟုဆိုပါက အကြောင်းယုတ္တိ မရှိပါ။ ဒဏ်ခတ်ပိတ်ဆို့ခြင်းသည် ဆွေးနွေးရေးတံခါးတို့ကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း လေးနက်စွာ တင်ပြအပ်ပါသည်။     ။ညှိနှိုင်းရေးတံခါးတို့ ဖွင့်လှစ်ကြပါစို့ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး ရှုထောင့်တစ်ခုတည်းမှ သုံးသပ်၍ ပြစ်တင်ဝေဖန်ကြပါသည်။

 

နိုင်ငံတကာအမြင်ရှုထောင့်မှကြည့်သော် တိုင်းရင်းသား ၁၃၅ မျိုးရှိသည်ကို နားမလည်နိုင်(တစ်နည်း) တိုင်းရင်းသားနှင့် နိုင်ငံသားကြား အဓိပ္ပာယ်ကွဲပြားခြားနားမှုရှိသည်ကို နားမလည်နိုင်။ လူသားတို့၏ အခြေခံအခွင့်အရေးတို့ ဆုံးရှုံးနစ်နာနေသည်သာ အရေးကြီးသောကိစ္စရပ်ဖြစ်သည်ဟု နိုင်ငံတကာက ဆိုကြပါသည်။

 

နိုင်ငံတကာအနေဖြင့် နိုင်ငံတော်က ဘင်္ဂါလီမျိုးနွယ်တို့အနက်မှ ဥပဒေနှင့်အညီ နိုင်ငံသား ဖြစ်သင့်ဖြစ်ထိုက်သူတို့အား နိုင်ငံသားအခွင့် အရေးပေးရန် သဘောတူပြီးဖြစ်သည်ကို အလေးအနက် အသိအမှတ်ပြုရန် လိုအပ်ပါသည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့က ဘင်္ဂါလီမျိုးနွယ်တို့အား တိုင်းရင်းသားမျိုးနွယ်စုတစ်စုအဖြစ် အဓိပ္ပာယ် သက်ရောက်စေမည့် အသိအမှတ်ပြုမှုမျိုး မလုပ်နိုင်သည်ကိုလည်း အလေးအနက် အသိအမှတ်ပြုရန်လိုအပ်ပါသည်။ နိုင်ငံတကာအနေဖြင့် နိုင်ငံတော်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသော ဘင်္ဂါလီမျိုးနွယ်တို့အား ပြန်လည်စိစစ်လက်ခံရန် သဘောတူညီပြီး ဖြစ်သည်ကိုလည်း အလေးအနက် အသိအမှတ်ပြုရန် လိုအပ်ပါသည်။


နိုင်ငံတကာအနေဖြင့် ရခိုင်ပြည်နယ်၌ တည်ငြိမ်အေးချမ်းမှုကို လိုလားပါက အခြေခံကျသော လူမှု-နိုင်ငံရေးဆိုင်ရာ အချက်တစ်ရပ်ကို အသိအမှတ်ပြုရန် လိုအပ်ပါသည်။ ဤသည်မှာ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ မျိုးနွယ်တို့အနေဖြင့် ကျန်သော တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လိုပါက ထိုကဲ့သို့ နေထိုင်နိုင်မည့် နည်းလမ်းကို ရှာဖွေရမည်ဖြစ်ပါသည်။

 

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမျိုးနွယ်တို့အနေဖြင့် ကျန်သော တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ မိမိနှစ်သက်ရာအမည် မိမိမှည့်ခေါ်၍ မိမိနှစ်သက်သလို နေထိုင်မည်ဟုဆိုပါက ကျန်သော တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ပမာမခန့်ပြုလိုက်ခြင်းသာဖြစ်ပါသည်။ ဧည့်သည်ဖြစ်သော ဘင်္ဂါလီ မျိုးနွယ်တို့က အိမ်ရှင်ဖြစ်သော တိုင်းရင်းသားပြည်သူတို့၏ သဘောထား ဆန္ဒကို ဂရုမစိုက်ဟု ဆိုလိုက်ခြင်းသည် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်မည့် လူမှု-နိုင်ငံရေးဆိုင်ရာ အခြေခံလိုအပ်ချက်ကို ပစ်ပယ်လိုက်ခြင်း ဖြစ်ပါသည်။

 

နိုင်ငံတကာအနေဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမျိုးနွယ်တို့အား နိုင်ငံသား အခွင့်အရေးပေးအပ်သည့် လုပ်ငန်းစဉ်တို့ကို အကြောင်းပြု၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေတို့အား ထိပါးလာစေနိုင်သည့် မည်သည့်လုပ်ရပ်ကိုမဆို လက်ခံမည်မဟုတ်ကြောင်း ရှင်းလင်းစွာ ထုတ်ဖော် ပြောဆိုသင့်ပါသည်။ နိုင်ငံတကာအနေဖြင့် ဘင်္ဂါလီမျိုးနွယ်တို့အား ပြန်လည် စိစစ်လက်ခံခြင်းနှင့် နိုင်ငံသား အခွင့်အရေး စိစစ်ပေးအပ်ခြင်း လုပ်ငန်းစဉ်နှစ်ရပ် ဆောင်ရွက်နေစဉ်ကာလအတွင်း ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုအတွက် တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့တို့နှင့် မည်သို့မည်ပုံ ညှိနှိုင်းကူညီလိုသည်ကို အကြံပြုသင့်ပါသည်။ သို့သော် နိုင်ငံတကာက ပြုလုပ်ဆောင်ရွက်နေသည်မှာ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့တို့အပေါ် အရေးယူဒဏ်ခတ်ခြင်းဖြစ်နေ၍ နားမလည်နိုင်စရာ ကိစ္စရပ်ဖြစ်နေပါသည်။ နိုင်ငံနှင့် လူမျိုးတစ်ရပ်လုံး ဖရိုဖရဲပြိုကွဲ လုနီးပါးဖြစ်၍ လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စရပ်များ သမိုင်းစံချိန်တင် ဖြစ်ပွားနေသည့် ဆီးရီးယားပြည်တွင်းစစ်၌ပင် နိုင်ငံတကာက ဆွေးနွေးရေး တံခါးကို ဖွင့်လှစ်နိုင်ပါက ရခိုင်ပြည်နယ်အရေးကိစ္စ၌ ဆွေးနွေးရေးတံခါး မဖွင့်လှစ်ဟုဆိုပါက အကြောင်းယုတ္တိ မရှိပါ။ ဒဏ်ခတ်ပိတ်ဆို့ခြင်းသည် ဆွေးနွေးရေးတံခါးတို့ကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း လေးနက်စွာ တင်ပြအပ်ပါသည်။