နန်းယွန်းမြို့နယ် ရန်နောနုတ်ညို - ကိုင်းဆန်ဆာလင် - ကဲဆန်ကားလန်လမ်း လမ်းအူကြောင်းပြောင်း မြေသားလမ်း ဖောက်လုပ်ပြီးစီး

နန်းယွန်း၊ ဧပြီ  ၁၉ 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် ရန်နော နုတ်ညို-ကိုင်းဆန်ဆာလင် - ကဲဆန်ကားလန် မြေလမ်း မိုင် ၂၀ ဖောက်လုပ်၍ လမ်းပေါ်၌ အတက်အဆင်း မတ်စောက်သော နေရာများကို လမ်းအူကြောင်းပြောင်းလဲ ဖောက်လုပ်ခဲ့ပြီး ကျန်ရှိသော မြေသားလမ်းတစ်မိုင် အပြီးသတ်ဖောက်လုပ်ခြင်းနှင့် ၎င်းလမ်းပေါ်၌ Box Culvert  လေးစင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၀၄ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

အဆိုပါလမ်းနှင့် Box Culvert  ဆောင်ရွက်ပေးနိုင်မှုကြောင့်  နန်းယွန်းမြို့နယ်အတွင်းရှိ အိမ်ခြေ ၁၃၀၂ အိမ်နှင့် လူဦးရေ ၆၆၄၉ ဦးတို့၏ အခြေခံလူမှုစီးပွားဘ၀နှင့် ကုန်စည်စီဆင်းမှုကို များစွာအထောက်အကူ ပြုလျက်ရှိကြောင်း  သတင်းရရှိသည်။

သတင်းစဉ်