နတ်မောက် ၁၈ ဧပြီ
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အိုင်ဇောက်ကျေးရွာအုပ်စုအတွင်း ဧပြီ ၁၇ ရက် ညနေ ၆ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် အိုင်ဇောက်ကျေးရွာ၊ ကြူချောင်းကျေးရွာ၊ ကန်ကြီးကုန်းကျေးရွာနှင့် ဂွေးချောင်း ကျေးရွာများတွင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းဆောင်များ အမိုးလန်၊ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် သုံးပင်အိမ်များ၊ လေးပင်အိမ်များ၊ နွားတင်းကုပ်များနှင့် မီးဖိုအိမ်များပြိုကျခြင်းနှင့် သွပ်အမိုးများလန်ခြင်းများ ဖြစ်ပေါ်ပြီး အိုင်ဇောက်ကျေးရွာအုပ်စု ဂွေးချောင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းဆောင် ငါးခန်းတွဲအနောက်ဆုံး အခန်းတွင် သွပ်မိုးဒိုင်းမျှားများ လန်ထွက်သွားခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ သေကြေဆုံးရှုံးမှုမရှိကြောင်း သိရသည်။
လှဝင်း(နတ်မောက်)


