နတ်မောက်  ၂၁  ဧပြီ

 


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အုတ်ဖိုကျေးရွာ သောက်သုံးရေပေးဝေမှုနှင့် စက်ရေတွင်း တူးဖော်ဆောင်ရွက်ရန် မြေနေရာအား ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

dfs

 


ထိုသို့ သောက်သုံးရေပေးဝေရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အုတ်ဖိုကျေးရွာအိမ်ခြေ (၁၀၉)၊ လူဦးရေ (၆၂၅)ဦးတို့အတွက် သောက်သုံးရေများ ပေးဝေခဲ့ပြီး တာဝန်ရှိသူများက အုတ်ဖိုကျေးရွာအတွင်း နိုင်ငံတော်သမ္မတရန်ပုံငွေဖြင့် စက်ရေတွင်းတူးဖော်ဆောင်ရွက်ပေးမည့် မြေနေရာအား ကျေးရွာပြည်သူများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 


လှဝင်း(နတ်မောက်)

 

dfs