နတ်တလင်း အောက်တိုဘာ ၁၄

ပဲခူတိုင်းဒေသကြီး နတ်တလင်းမြို့နယ်၌  ခရိုင်အဆင့်  ပဋိပက္ခအတွင်း  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ  အသိပညာပေးဆွေးနွေးပွဲကို ယနေ့   နံနက် ၁၀ နာရီက နတ်တလင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အသိပညာပေးဆွေးနွေးပွဲတွင်  နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီ   ဥက္ကဋ္ဌ  ဦးကျော်ဝင်းလှိုင်က  အဖွင့်အမှာစကားပြောကြားပြီး    ပဲခူးတိုင်းဒေသကြီး     လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး   ဒေါ်သန္တာထွေးက  ပဋိပက္ခအတွင်း    လိင်ပိုင်းဆိုင်ရာ  အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍  အသိပညာပေးဆွေးနွေးသည်။

ထို့နောက်   သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာက   လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ရပ်များဆောင်ရွက်ထားရှိမှု  အခြေအနေများကို    ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ခရိုင်အမျိုးသမီးကော်မတီဝင်များက   သိလိုသည်များကို  မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)