နယ်စပ်ရေးရာဝန်ကြီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်း၌ သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် မတ် ၄

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) ဗဟိုလေ့ကျင့်ရေးကျောင်းတွင် စာကြည့်တိုက် ထိန်းသိမ်းနည်းနှင့် စာကြည့်တိုက်မှူးသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲကို မတ် ၄ ရက် နံနက်ပိုင်းက သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုး၊ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် သင်တန်းသား၊ သင်တန်းသူများ   တက်ရောက်ကြသည်။

 

အဆိုပါသင်တန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများ၊ စက်မှုလက်မှု ပညာသင်တန်းကျောင်းများနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသော စာကြည့်တိုက် တာဝန်ခံများကို အရည်အချင်း ပြည့်ဝစေရေး၊ စာကြည့်တိုက် ထိန်းသိမ်းနည်းနှင့် စာကြည့်တိုက် ပညာရပ်များအား စဉ်ဆက်မပြတ် လေ့လာဆည်းပူးနိုင်ရေး တို့အတွက်  လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ရည်ရွည်ပြီး သင်တန်းကို မတ် ၄ ရက်မှ ၂၉ ရက်အထိ ရက်သတ္တပတ် လေးပတ်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်