နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ၏ ဒသမအကြိမ် မိတ်ဆုံ နေ့လယ်စာ စားပွဲကျင်းပ

နေပြည်တော် မတ်   ၁

 

နိုင်ငံတော်အစိုးရ၏ ယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသော ဝန်ထမ်းများကို မိသားစုသဖွယ် အသိအမှတ်ပြု သောအားဖြင့် မိတ်ဆုံ နေ့လယ်စာ စားပွဲများ ကျင်းပပေးလျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ၏ ဒသမအကြိမ် မိတ်ဆုံ နေ့လယ်စာ စားပွဲကို ယနေ့ မွန်းတည့်   ၁၂ နာရီ တွင် အဆိုပါဝန်ကြီးရုံး၌ကျင်းပသည်။

 

အဆိုပါ မိတ်ဆုံနေ့လယ်စာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်၍ ရင်းနှီးခင်မင်စွာ လက်ရည် တစ်ပြင်တည်း သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)