နေပြည်တော်၊ မတ် ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် များရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများသို့ ဆွမ်းကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ကုလားပဲနှင့် အခြားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့ဆက်ကပ်လှူဒါန်းလျက်ရှိရာတွင် ယနေ့နံနက်ပိုင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လတ်နှင့် တာဝန်ရှိသူများသည် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ သီရိရတနာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဆရာတော်၊ သံဃာတော်များ၊ စာသင်သား သာမဏေများ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ကုလားပဲနှင့် အခြားစားသောက်ဖွယ်ရာများကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


