နယ်စပ်ရေးရာဝန်ကြီးဌာနမှ လဲချားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး     

နေပြည်တော် မတ် ၂၆     

 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေ ၃၃၂ ဒသမ ၁၈၄ ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့သည့် လဲချားမြို့နယ်၊ ဝမ်ပန် - နောင်ယာဆိုင်း - ဝမ်ကျောင်းလမ်း ၅ မိုင် အနက် ၂ မိုင် အပြီးသတ် ကျောက်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။

 

အဆိုပါ လမ်းဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ဒေသခံကျေးရွာ ၇ ရွာမှ လူဦးရေ ၄၅၀၂ ဦး လမ်းပန်းဆက်သွယ်သွားလာမှု ပိုမိုကောင်းမွန်လာပြီး လူနေမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်