နယ်စပ်ရေးရာဝန်ကြီးဌာနမှ လင်းခေးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

နေပြည်တော် ဖေဖော်ဝါရီ  ၂၉

 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေ ၂၄၆ ဒသမ ၂၃၄ ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့သော လင်းခေးမြို့နယ် နောင်လုံအုပ်စု ဒါးဆိပ်-နောင်လုံ- ဝမ်စစ်-ဟိုက်ကွေ့ လမ်းမကြီးမှ ပန်ကျင်-ဟတ်မိုင်-နောင်ခေါက် ကျေးရွာသွားလမ်း ၃ မိုင် ၇ ဖာလုံ အနက် ၁ မိုင် ၃ ဖာလုံ အပြီးသတ် ကျောက်ခင်းခြင်းနှင့် ၅ ပေ Box Culvert ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ  ယနေ့တွင် ရာခိုင်နှုန်း ပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။

 

အဆိုပါ လမ်းဖောက်လုပ်ပြီးစီးမှုကြောင့် လင်းခေးခရိုင်အတွင်းရှိ ကျေးရွာ ၁၀ ရွာ၊ လူဦးရေ ၃၄၂၅ ဦးတို့၏ လူမှုစီးပွားဘဝများအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူ များအနေဖြင့် များစွာဝမ်းမြောက်ပျော်ရွင်လျက်ရှိကြောင်း သိရှိရသည်။

(သတင်းစဉ်)