၂၃ ဒီဇင်ဘာ
စပိန်၊ ပေါ်တူဂီနှင့်ပြင်သစ်နိုင်ငံတွင် ပြင်းထန်သည့် မုန်တိုင်းနှစ်လုံးတိုက်ခတ်မှုကြောင့် လူရှစ်ဉီး သေဆုံးခဲ့ကြောင်း ဒေသန္တရမီဒီယာက ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
အဲလ်ဆာမုန်တိုင်းသည် တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ နှုန်းဖြင့် တိုက်ခတ်မှုကြောင့် အဆောက်အဉီများ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ပြီးနောက် လေယာဉ်ခရီးစဉ်များကိုလည်း ဖျက်သိမ်းခဲ့ရသည်။
စပိန်နိုင်ငံတွင် ယခုတစ်ပတ်အတွင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် စုစုပေါင်း လူရှစ်ဉီးသေဆုံးခဲ့ရသည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် စပိန်နိုင်ငံတွင်ခြောက်ဉီးနှင့် ပေါ်တူဂီနိုင်ငံတွင် နှစ်ဉီးသေဆုံးမှုဖြစ်ပွားခဲ့ပြီး မြို့တော်လစ်စဘွန်းနှင့် ဒုတိယအကြီးဆုံးမြို့တော်ဖြစ်သည့် ပေါ်တိုမြို့တို့တွင် ရထားဝန်ဆောင်မှုများလည်း ရပ်တန့်ခဲ့ရသည်။
အဆိုပါ ပြင်းထန်သည့် မုန်တိုင်းသည် တနင်္ဂနွေနေ့အထိ ဆက်လက်ရှိနေအုံးမည်ဟု ပေါ်တူဂီ မိုးလေဝသ ပညာရှင်အဖွဲ့က ခန့်မှန်းထားသည်။
မုန်တိုင်း ဖာဘီယန်ကြောင့် ကြီးမာသည့် လှိုင်းတံပိုးများဖြစ်ပေါ်ခဲ့ပြီး အနီးအနားရှိဒေသအတွက် အနီးရောင်သတိပေးချက်ထုတ်ပြန်ခဲ့ရပြီးနောက် စပိန်အမျိုးသားရာသီဉတုရုံးမှလည်း ဂါလစ်စီယာကမ်းခြေကို သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
မုန်တိုင်းသည် အတ္တလန္တိတ်ကမ်းရိုးတန်းကို ရိုက်ခတ်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံ၏ အနောက်တောင်ဘက်ရှိ ဒေသ ၁၄ခုကို အနီရောင် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်


