၂၃ ဒီဇင်ဘာ

နယူးဒေလီမြို့တွင် ယနေ့နံနက်အစောပိုင်းက လူနေအဆောက်အဦတစ်လုံးတွင် မီးလောင်ကျွမ်းမှုကြောင့် လူကိုးဉီးသေဆုံးခဲ့ပြီး သေဆုံးသူများထဲတွင် အမျိုးသမီးလေးဉီးနှင့် ကလေးငယ် သုံးဉီးပါဝင်ကြောင်း မြို့နယ်မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဉီးက အတည်ပြုပြောကြားခဲ့သည်။ 

 

deil2

 

မီးလောင်ကျွမ်းရာ လေးထပ်အဆောက်အဉီမှာ ဒေလီမြို့အနောက်ဘက် ကီရရီဧရိယာတွင် တည်ရှိသည်။ 

 

deili3

 

မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူ သုံးဉီးအား မြေပြင်မှ ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒဏ်ရာရရှိသူ  နှစ်ဉီးမှာ မီးခိုးများ မွန်ပြီး အသက်ရှူကျပ်ပြီး ဒေသန္တရဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။ 

သန်းခေါင်ယံအချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကူမာက ပြောကြားခဲ့သည်။ 

မီးလောင်မှု၏ အဓိက အကြောင်းအရင်းမှာ  လျှပ်စစ်ရှော့ဖြစ်မှုကြောင့်ဟု ယူဆရပြီး စုံစမ်းမှုပြီးမှသာ လောင်ကျွမ်းရသည့်အကြာင်းရင်းကို ပြောနိုင်မည်ဟု ၎င်းက ပြောကြားခဲ့သည်။ 

ယခုမီးလောင်မှုသည် အိန္ဒိယတွင် ယခုလအတွင်း ဒုတိယအကြိမ်မီးလောင်မှုဖြစ်သည်။ ယခုလ ၈ ရက်နေ့အတွင်းကလည်း ဒေလီမြောက်ဘက်ရှိ ဖီမီစတန်ဒေသတွင် မီးလောင်မှုအတွင်း ၄၃ ဉီး သေဆုံးမှုဖြစ်ပွားခဲ့သည်။ 

စုံစမ်းစစ်ဆေးစဉ်ကာလအတွင်း အဆောက်အဉီကို တရားမဝင်တည်ဆောက်ထားတာတွေ့ရှိခဲ့ပြီး သင့်လျော်သည့် လိုင်စင်နှင့် မီးသတ်ကိရိယာများ မရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်