၂၄ ဖေဖော်ဝါရီ
နယူးဇီလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် ကုန်သွယ်ရေးနှင့် ပို့ကုန်တိုးတက်မှုဆိုင်ရာဝန်ကြီး တို့သည် အိန္ဒိယနှင့် နယူးဇီလန်နိုင်ငံတို့၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပြီး အိန္ဒိယနိုင်ငံသို့ အင်္ဂါနေ့တွင် သွားရောက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ဝန်ကြီးနှစ်ဦးသည် အဆင့်မြင့်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့နှင့် မွမ်ဘိုင်းမြို့သို့ ဖေဖော်ဝါရီလ ၂၅ မှ ၂၉ ရက်နေ့ထိ သွားရောက်မည် ဖြစ်သည်။
ထိုစီးပွားရေးကိုယ်စားလှယ်အဖွဲ့တွင် အိန္ဒိယနိုင်ငံနှင့်အတူ နယူးဇီလန်နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံရေးကို ကိုယ်စားပြုသည့် ဝါရင့်စီးပွားရေးသမားများ ပါဝင်သည်။
အိန္ဒိယနိုင်ငံသည် ဝန်ဆောင်မှုနှင့်ကုန်ပစ္စည်း နှစ်မျိုးစလုံးတွင် နယူးဇီလန်နိုင်ငံအတွက် ဈေးကွက်များတိုးပွားသည့် အလားအလာများ သိသိသာသာ ဖြစ်ထွန်းလာမှုနှင့်အတူ နယူးဇီလန်နိုင်ငံ၏ ၁၃ ခုမြောက် အကြီးဆုံး အပြန်အလှန်ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


