ဇူလိုင် ၁၈

 

နယူးဇီလန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၆၁၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၃၆၃ ဦးသည် မကြာသေးမီကပင် ပြည်ပမှပြန်ရောက်လာသူများ ဖြစ်သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ကုသမှုခံယူဆဲလူနာ ၇၉၇ ဦးရှိပြီး ၎င်းတို့အနက် ၂၀ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၂၂ ဦး ထပ်မံသေဆုံးခဲ့သည်။

 

နိုင်ငံအတွင်း ၂၀၂၀ ခုနှစ် အစောပိုင်းမှစတင်၍ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားခဲ့ရာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၄၉၈၄၀၂ ဦးရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို