၁၈ မတ်

 

နယူးဇီလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ရှစ်ဦး ထပ်မံတွေ့ရှိခဲ့ရာ ကူးစက်ခံရသူ ၂၀ ဦးရှိလာပြီဖြစ်ကြောင်း ယနေ့အတည်ပြု ပြောကြားခဲ့သည်။

 

အဆိုပါရောဂါကူးစက်ခံရသူ ရှစ်ဦးသည် အပြည်ပြည်ဆိုင်ရာ ခရီးသွားမှုနှင့်ဆက်စပ်မှုရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထိုရှစ်ဦးမှာ အော့ကလန်မြို့တွင် လေးဦး၊ ခရစ်ချပ်ချ်မြို့တွင် တစ်ဦး၊ ဝိုင်ကာတိုခရိုင်တွင် နှစ်ဦး၊ အင်ဗာကာဂီလ်မြို့တွင် တစ်ဦးတို့ဖြစ်သည်။

 

၎င်းရှစ်ဦးစလုံးသည် နယူးဇီလန်နိုင်ငံသားများဖြစ်ကြပြီး ပြည်ပမှပြန်လာသူများဖြစ်သည်ဟု ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ် Ashley Bloomfield က ပြောကြားခဲ့သည်။

 

ခရီးသွားလာခြင်းကို ကန့်သတ်ထားခြင်းဖြင့် ထိုရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို