နယူးယော့ခ်မှာ ပျော်ပျော်ရွှင်ရွှင်တွေ့ခဲ့ရတဲ့ ဂျက်စတင်ဘီဘာနှင့် ဟေးလေးဘော်ဝင်န်

၁၆  သြဂုတ်

 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နယူးယော့ခ်ရဲ့ လမ်းတွေပေါ်မှာ အတူငိုခဲ့ကြတဲ့ ကြယ်ပွင့်စုံတွဲ ဂျက်စတင်ဘီဘာနဲ့ ဟေးလေးဘော်ဝင်န်တို့ကို လတ်တလောမှာတော့ ပျော်ရွှင်ရယ်မောကာ အသင့်စား အစားအစာတွေ ရောင်းချတဲ့ ဆိုင်ထဲမှာ တွေ့ခဲ့ရတာ ဖြစ်တယ်လို့ အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ ဩဂုတ် ၁၃ ရက်မှာ တေးသံရှင် ဂျက်စတင်ဘီဘာနဲ့ ဟေးလေးဘော်ဝင်န်တို့ဟာ ဟေးလေးဘော်ဝင်န်နေထိုင်ရာ တိုက်ခန်းအနီးမှာ နှစ်ဦးအတူ အလည်အပတ်ထွက်ကြရင်း ယခုလို မုန့်ဆိုင်ကို ဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ မကြာခဏဆိုသလို ယခုလို အလည်အပတ် ထွက်လေ့ရှိတာကိုလည်း တွေ့ရပါတယ်။

 

အေးပြည့်