အသက် ၄၅ နှစ်အရွယ်ရှိ ဗီးနပ်စ်ဝီလျံသည် အထူးဖိတ်ခေါ်ခြင်းခံရသည့်အတွက် ဩစတြေးလျ အိုးပင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားသွားတော့မည်ဖြစ်သည်။
ထို့ကြောင့် ၎င်းသည် ဩစတြေးလျအိုးပင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားမည့် အသက်အကြီး ဆုံးအမျိုးသမီး တင်းနစ်မယ်ဖြစ်လာတော့မည်ဖြစ်သည်။
ဂရင်းဆလမ်းချန်ပီယံဆု ၇ ကြိမ်ရ ဝီလျံသည် လာမည့် ဇန်န ဝါရီ ၁၈ ရက်တွင် စတင်ကျင်းပမည့် ဩစတြေးလျအိုးပင်းပြိုင်ပွဲအတွက် အထူးဖိတ်ခေါ်ခံခဲ့ရခြင်းဖြစ်သည်။ ဝီလျံသည် ဩစတြေးလျ အိုးပင်းပြိုင်ပွဲတွင် ၂၀၂၁ ခုနှစ်က နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည်။
နှစ်တစ်နှစ်၏ ပထမဆုံးဂရင်းဆလမ်းပြိုင်ပွဲတွင် ဒုတိယနှစ်ကြိမ်ရရှိထားသော အမေရိကန်တင်းနစ်မယ်သည် ၂၀၁၅ ခုနှစ်က အသက် ၄၄ နှစ်အရွယ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည့် ဂျပန်တင်းနစ်မယ် ကိမိကို ဒါတီ၏ စံချိန်ကို ကျော်ဖြတ်သွားတော့မည်ဖြစ်သည်။
ကမ္ဘာ့နံပါတ်တစ်တင်းနစ်မယ်ဟောင်း ဝီလျံသည် ၂၀၂၃ ခုနှစ် နောက်ပိုင်း အမေရိကန်ပြည်ထောင်စု ပြင်ပတွင် ပြိုင်ပွဲကစားထားရခြင်းမရှိသေးကြောင်း သိရသည်။ ၎င်းသည် ပြီးခဲ့သည့်နှစ်က ယူအက်စ်အိုးပင်းပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကစားကာ တင်းနစ်လောကသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ၎င်းသည် အဆိုပါပြိုင်ပွဲတွင် ပြိုင်ဘက်ချက်ဇ်တင်းနစ်မယ် မူချိုဗာကို ၃-၆၊ ၆-၂၊ ၁-၆ ရလဒ် ဖြင့် ရှုံးနိမ့်ထားသည်။
မိုးဇက်


