ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ပျံ့နှံ့ခြင်းမှ ကာကွယ်ရန်အတွက် မိမိတို့၏ နိုင်ငံသားများအား ပြည်ပနိုင်ငံများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန် ဩစတြေးလျအစိုးရက အကြံပြုခဲ့သည်။
ယနေ့တွင် ကင်ဘာရာတွင် ခရီးသွားလာခြင်းနှင့်ပတ်သက်ပြီး ဩစတြေးလျဝန်ကြီးချုပ် စကော့ မာရီဆွန်က ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်သည် နိုင်ငံခြားခရီးသွားအားလုံးအတွက် အကြံပေးခြင်းကို ပထမဦးဆုံး ထုတ်ပြန်ခြင်းဖြစ်သည်။
အိမ်ပြင်ပတွင် လူ၅၀ဝနှင့် အိမ်ထဲတွင် လူပေါင်း ၁၀ဝ ကျော်တို့ စုရုံးခြင်းမပြုလုပ်ကြရန် မာရီဆွန်က ပြောကြားခဲ့သည်။
နိုင်ငံရပ်ခြားသို့ရောက်ရှိနေသော နိုင်ငံသားများကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်သွားလိုသည့် နိုင်ငံသားများအားလည်း သြစတြေးလျ အာဏာပိုင်များက အကြံပေးလျက်ရှိသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံရပ်ခြားတွင် ရောဂါကူးစက်နိုင်သည့် အန္တရာယ်မြင့်မားခြင်းနှင့် အပြည်ပြည်ဆိုင်ရာ လေယာဉ်ခရီးစဉ် အစီအစဉ်များနှင့် နိုင်ငံခြားဆေးကုသမှုစွမ်းရည်များ မရေရာခြင်းတို့ကြောင့်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
ဩစတြေးလျနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း ၄၅၄ ဦး ရှိခဲ့ပြီးနောက် ငါးဦးမှာ သေဆုံးခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


