ကင်ဘာရာ ၁၃ ဇွန်
ဩစတြေးလျနိုင်ငံ၏ လူစုလူဝေးအရေအတွက်ကန့်သတ်မှုများကို လာမည့် ၂ သီတင်းပတ်အတွင်း ဖယ်ရှားပေးတော့မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် စကော့တ်မော်ရစ်ဆင်က ဇွန် ၁၂ ရက်တွင် ပြောကြားလိုက်သည်။
ဖျက်သိမ်းပေးတော့မည် ဝန်ကြီးအဖွဲ့ အစည်းအဝေးပြီးနောက် မော်ရစ်ဆင်က ဦးရေ ၁၀၀ ခန့်သာ ခွင့်ပြုထားသော အမိုးအကာအောက်လူစုလူဝေးပြုလုပ်မှုများကို အစိုးရ၏ ကိုဗစ်-၁၉ ကူးစက်မှု ဟန့်တားရေး အစီအစဉ် အဆင့် ၃ အရ တဖြည်းဖြည်း ဖျက်သိမ်းပေးတော့မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
အမိုးအကာအောက်တွင် တစ်ယောက်နှင့်တစ်ယောက် အနည်းဆုံး လေးမီတာ အကွာအဝေးရှိရန်လိုအပ်သည်။ ၄၀၀၀၀ ဆံ့သော အားကစားရုံများတွင်လည်း ၁၀၀၀၀ သာခွင့်ပြုပေးထားသည်။ ကြီးမားသော လဟာပြင်တွင် သင့်တော်သော အကွာအဝေး လိုအပ်ကြောင်း သိရသည်။
လူစုလူဝေးပွဲများတွင် လက်မှတ်များလိုအပ်ပြီး အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့လျှင် ယင်းလက်မှတ်များမှ မည်သူမည်ဝါ ပွဲတက်ရောက်ခဲ့သည်ကို သိရှိနိုင်မည်ဖြစ်သည်။ ကိုဗစ်-၁၉ ဘေးကင်းလုံခြုံရေးအစီအမံ အဆင့် ၃ သည် ရှေ့လတွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ


