ရန်ကုန် ၂၁ မတ်

မီတာနှင့်ထရန်စဖော်မာ တပ်ဆင်ခွင့်လျှောက်ထားလိုသူများအနေဖြင့် ယခင်က သက်ဆိုင်ရာမြို့နယ် လျှပ်စစ် မန်နေဂျာရုံးများသို့ လူကိုယ်တိုင်သွားရောက်လျှောက်ထားနေရသော်လည်း ယခုအခါ ရန်ကုန် လျှပ်စစ်ဓါတ်အား ကော်ပိုရေးရှင်းသို့ Online မှအလွယ်တကူ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

လျှောက်ထားနေသူများအနေဖြင့် ရန်ကုန်လျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်း၏ website ဖြစ်သော https://yesc.org.mm/yesc-register သို့ ဦးစွာဝင်ရောက်၍ register ပြုလုပ်ပြီး ထိုမှတစ်ဆင့် အိမ်သုံး၊ လုပ်ငန်းသုံး မီတာ/ထရန်စဖော်မာများကို အဆိုပါ website မှတစ်ဆင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

လျှောက်ထားနေသူများအား သတ်မှတ်ချက်များနှင့် ကိုက်ညီသော Online လျှောက်လွှာများကို ဌာနမှစီစစ် အတည်ပြုပြီးပါက သတ်မှတ်ထားသောနှုန်းထားများအတိုင်း ကျသင့်ငွေပေးသွင်းရန် လျှောက်ထားသူ၏ Email သို့အကြောင်းပြန်ကြားပေးမည်ဖြစ်ပြီး ငွေပေးသွင်းရန်(၁) ကြိမ်သာ လာရောက်ရမည်ဖြစ်သည်။

သို့ပါ၍ ဓာတ်အားသုံးစွဲသူများအနေဖြင့် လိုအပ်သော မီတာ/ထရန်စဖော်မာများကို Online မှလွယ်ကူလျှင်မြန်စွာလျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားကော်ပိုရေးရှင်းမှ သိရသည်။

မောင်လူမော်