ပဲခူး     စက်တင်ဘာ     ၇

ပဲခူးမြို့ ကတွင်းခြံကျေးရွာအုပ်စု၌ စက်တင်ဘာ ၅ ရက်က ပဲခူးမြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဈေးနှုန်းသက်သာသော  ဓာတ်မြေဩဇာများ  ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပသည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူ များနှင့်တွေ့ဆုံ၍   ယခုနှစ်တွင်    မိုးစပါးစိုက်ဧကများ  ပန်းတိုင်အထွက်နှုန်း  ပိုမိုတိုးတက်ရရှိစေရေး ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိရာ  တောင်သူများအနေဖြင့်   စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိမှသာ မိသားစု ဝင်ငွေတိုးတက်လာမည်ဖြစ်ကြောင်း၊  မိုးစပါးစိုက် တောင်သူများသို့  သီးနှံပေါ်ပေးစနစ်ဖြင့်  ဈေးနှုန်း သက်သာသော ဓာတ်မြေဩဇာများကို ပေးအပ်ရခြင်းဖြစ်ပြီး တောင်သူကိုယ်တိုင်လုပ် သဘာဝမြေဩဇာဖြင့် အချိုးညီ အချိန်ကိုက် ရောစပ်ကြဲပက်သွားရမည် ဖြစ်ကာ  မြေလပ်မရှိ သီးနှံစိုက်စွမ်းအား၊  သီးထပ် စွမ်းအား တိုးတက်စေရေး ကြိုးစားဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ရေ၊ မြေ၊သဘာဝနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးသွားရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံကောင်းမွန်စေရေး အလေးထားဆောင်ရွက် သွားကြစေလိုကြောင်းနှင့် မိုးစပါးဖျက်ပိုးဖြစ်သည့် ရွှေခရုနှိမ်နင်းရေးအတွက် တောင်သူအစုအဖွဲ့စနစ်ဖြင့် ဘဲမွေးမြူ၍ မိုးစပါးစိုက်ခင်းအတွင်း လွှတ်ကျောင်း စနစ်ဖြင့် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တို့က ကတွင်းခြံ ကျေးရွာအုပ်စုနှင့် စိုင်တီကျေးရွာအုပ်စုရှိ မိုးစပါးစိုက်တောင်သူများအတွက် သွင်းအားစု ဓာတ်မြေဩဇာများ ပေးအပ်ရာ ဒေသခံတောင်သူ တစ်ဦးက   ကျေးဇူးတင်စကား  ပြောကြားသည်။ ယင်းနောက်   တက်ရောက်လာသည့်  မိုးစပါးစိုက် တောင်သူများက စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

တိုင်းဒေသကြီး(ပြန်/ဆက်)