နေပြည်တော် ၂၅ မတ်
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ အဖွဲ့အစည်း အသီးသီးက လူငယ်များနှင့် လူငယ်ရေးရာ မူဝါဒဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယမန် နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အစိုးရအနေဖြင့် ပြည်သူများအားလုံး အခွင့်အရေးများကို သာတူညီမျှ ခံစားရရှိရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ လူငယ်များအတွက်လည်း ရသင့်ရထိုက်သော အခွင့်အရေးများနှင့် ဖွံ့ဖြိုး တိုးတက်မှုများကို ဖော်ဆောင်ပေးနိုင်ရန်အတွက် လူငယ်များ ကိုယ်တိုင်ပါဝင်ပြီး လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ မူဝါဒကို ရေးဆွဲ မိတ်ဆက်ခဲ့ပြီးဖြစ်ပါကြောင်း၊ မဟာဗျူဟာ ရေးဆွဲအတည်ပြုနိုင်ရေးအတွက် နေပြည်တော် ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကိုယ်စားပြု လူငယ်များ၊ သက်ဆိုင် ရာ န်ကြီးဌာနများမှ တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း။
မူဝါဒတွင် ကဏ္ဍ(၁၆)ရပ်ကို မဟာဗျူဟာချမှတ်ပြီး လုပ်ငန်းစဉ်များရေးဆွဲ၍ ဦးစား ပေး ကဏ္ဍအလိုက် အကောင်အထည်ဖော်သည့်အခါ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ချမှတ်ထားသော လူငယ်နှင့်သက်ဆိုင်သည့် စီမံချက်များနှင့် ချိတ်ဆက် ဆောက်ရွက်ရမည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့တာဝန်ရှိသူများက လူငယ်များ အတွက် ချမှတ်ထားသော လုပ်ငန်းစီမံချက်များသိရှိအောင် ဆောင်ရွက်ပေးကြရမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီအဖွဲ့ဝင် များ၊ အဖွဲ့အစည်းအသီးသီးမှ လူငယ်များက ဆွေးနွေးကြရာ လူငယ်နှင့် ငြိမ်းချမ်းရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်စင်တာဖွင့်လှစ်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင်ဖော်ဆောင်ရေး၊ ကျား/မတန်းတူညီမျှ အခွင့်ရေးရရှိရေး၊ လူငယ်များ ဥပဒေကို သေချာသိရှိ နားလည်အောင်ဆောင်ရွက်ပေးရေး၊ ငယ်ရွယ်သူအမျိုးသမီးများ စောင့်ရှောက် ပေးရေး၊ အသေးစားစက်မှု/လက်မှု လူငယ်စီးပွားရေးလုပ်ငန်းရှင်များအတွက် ထိရောက် သော ချေးငွေပံ့ပိုးမှုများဆောင်ရွက်ပေးရေးတို့နှင့်စပ်လျဉ်းပြီး ဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးကြသည်။
အဆိုပါဆွေးနွေးပွဲမှ မြို့နယ်အဆင့်ကော်မတီများ ဆက်လက်ဖွဲ့စည်းနိုင်ရေး၊ ပရဟိတအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရေး၊ လူငယ်ရေးရာ မူဝါဒကို လူငယ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်နိုင်ရေးနှင့် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရဌာနဆိုင်ရာများနှင့် လူငယ်များပီပီပြင်ပြင် ချိတ်ဆက် ဆောင်ရွက်ရေးတို့ကို ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ချက်များချမှတ်ခဲ့သည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့ လူမှုဝန်ထမ်း ဦးစီးဌာနတိုင်းဦးစီးမှူးရုံး၌ အမှတ်(၁)မူလတန်းကြိုကျောင်းဆောက်လုပ်နေမှုများကို ကြည့်ရှု ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပေးသည်။
(သတင်းစဉ်)


