ပဲပြားနှင့် ပုစွန်လုံးကြော်

နုတ်နုတ်စဉ်းထားတဲ့ ပုစွန်အသားနဲ့ ကြေမွနေအောင် ခြေထားတဲ့ ပဲပြားကိုရောပြီး မုန့်နှစ်ကပ်ကြော်ထားတာပါ။

 

ပါဝင်ပစ္စည်းများ (၄ ဦးစာ)

 

Momen dofu ပဲပြား ၂ တုံး ( ၆၀ဝ ဂရမ်)

 

အခွံခွာထားသည့်ပုစွန် ၂၀ဝ ဂရမ်

 

ကြက်သွန်နီတစ်ခြမ်း (၁၀ဝ ဂရမ်)

 

ထောပတ်   စားပွဲဇွန်း  ၁ ဇွန်း

 

 မုန့် နှစ်ပြုလုပ်ရန်

 

ဂျုံမှုန့်    လိုအပ်သလောက်

 

ကြက်ဥ (ခေါက်ထား)  လိုအပ်သလောက်

 

ဂျပန်ပေါင်မုန့်ခြောက်အစ   လိုအပ်သလောက်

 

ဆား စားပွဲဇွန်း ၂ ဇွန်းမှ ၃ ဇွန်း

 

ငရုတ်ကောင်းမှုန့် အနည်းငယ်

 

ဟင်းရွက်ဆီ

 

ပြုလုပ်ပုံ

 

၁။ ပဲပြားကို အပိုင်း ၄ပိုင်း ၅ပိုင်းလောက်ပိုင်းပြီး ရေနွေးဆူနေအောင်တည်ထားတဲ့ အိုးထဲ ထည့်ပါ။ ရေနွေးပြန်ဆူ လာသည်အထိ စောင့်ပြီး ရေဆူပွက်လာပါက ပဲပြားတုံးလေးတွေကို ဆန်ကာထဲလောင်းထည့်ပြီး ရေစစ်ထားပါ။ ပုစွန်ကို အကြောထုတ်၊ ရေဆေးပြီး ရေခြောက်အောင်သုတ်ပါ။ ထို့နောက် တစ် စင်တီမီတာအရွယ် အပိုင်းလေး များရအောင် တောက်တောက်စဉ်းပါ။

 

၂။ ကြက်သွန်နီကို နုတ်နုတ်စဉ်းပြီး အပူခံဇလုံထဲထည့်ပါ။ ထောပတ် ထည့်ပြီး  ပလတ်စတစ်အကြည်နဲ့ ဇလုံကို အုပ်ပြီး  မိုက်ခရိုဝေ့မီးဖိုထဲမှာ မီးအပူချိန် ၆၀ဝ W  နဲ့ တစ်မိနစ်အပူပေးပါ။  ထို့နောက် မီးဖိုထဲမှ ထုတ်ပြီး အအေးခံထားပါ။

 

၃။ ပဲပြားတွေကို  ဇလုံတစ်ခုထဲ  ထည့်ပြီး သေးသေးမွမွလေးတွေ ဖြစ်သွားသည်အထိ လက်နဲ့ ချေမွပေးပါ။ ထို့နောက် ပုစွန်၊ ကြက်သွန်နီ၊ ဆားနဲ့ ငရုတ်ကောင်းမှုန့်တို့ကိုထည့်ပြီး သမအောင် နယ်ပါ။ ၈ပုံ အညီအမျှပုံပြီး လက်ရေအစိုနဲ့ ဘဲဥပုံအလုံးလေးတွေ လုံးပါ။

 

၄။ ဗန်းတစ်ချပ်ထဲမှာ ဂျုံမှုန့်တွေကို ဖြူးထည့်ပြီး    ပုစွန်လုံးတစ်လုံးချင်းစီကို  ဗန်းထဲက ဂျုံမှုန့်နဲ့ လူးပါ။ ပုစွန်လုံး မှာ များနေတဲ့ ဂျုံမှုန့်တွေကို အသာအယာ ခါချပါ။

 

၅။ ဇလုံတစ်ခုထဲမှာ  ကြက်ဥဖောက်ထည့်ပြီး ခေါက်ပါ။ ဗန်းတစ်ချပ်ထဲမှာ ပေါင်မုန့်ခြောက်အစလေးတွေ ဖြူးပါ။ ပုစွန်လုံးတစ်လုံးချင်းစီကို  ခေါက်ထားတဲ့ ကြက်ဥအရည်ထဲ မှာ နှစ်ပြီး ပေါင်မုန့်ခြောက် အစလေးတွေနဲ့  လူးပါ။ ပေါင်မုန့်ခြောက်စလေးတွေ  အသေအချာကပ်သွားအောင်  ပုစွန်လုံးကို  အသာဖိပေးပါ။ 

 

၆။ အကြော်အိုးထဲမှာ ဆီ အိုးတစ်ဝက်လောက်ထည့်ပြီး မီးအပူချိန်အသင့်အတင့်နဲ့ ဆီအိုးတည်ထားပါ။ ဆီအိုးထဲ တစ်ခါထည့်ရင်  ပုစွန်လုံး ၃၊ ၄ လုံးထည့်နိုင်ပြီး  ၃မိနစ်ခန့်ကြော်ပါ။ မုန့်နှစ်အသားတွေ မာလာတဲ့အခါ နောက် တစ်ဖက်လှည့်ပေးပါ။  အညိုရောင်သန်းပြီး ကြွပ်လာပါက ဆီအိုးထဲမှ ဆယ်ပြီး ဆီစစ်ထားပါ။

 

ကိုးကား- NHK