ပဲရစ်မှာချိန်းတွေ့ခဲ့ကြတဲ့ သယ်ဝီ့ခမ့်နဲ့ ဘယ်လာဟက်ဒစ်

၃ ဇွန်

 

အသက် ၂၁ နှစ်အရွယ် မော်ဒယ်မလေးနဲ့ အသက် ၂၈ နှစ်အရွယ် အဆိုတော်တို့ဟာ ၂၀၁၆ ခုနှစ်မှာပြတ်သွားခဲ့တဲ့ နာမည်ကျော်စုံတွဲတစ်တွဲဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ သယ်ဝိကမ့်က နာမည် ကျော်အဆိုတော် ဆလီနာဂိုးမက်ဇ်နဲ့ တွဲခုတ်ခဲ့ပြီး ပြီးခဲ့တဲ့ဆောင်းဦးရာသီမှာပဲ ပြတ်သွားခဲ့တာဖြစ်ပါတယ်။


ယခုလက်ရှိမှာတော့ သယ်ဝီ့ခမ့်နဲ့ ဘယ်လာဟက်ဒစ်တို့က ထပ်မံတွဲခုတ်နေကြပြီလို့ အီးအွန် လိုင်းဒေါ့ကွန်းရဲ့ ဖော်ပြချက်အရ သိရှိရသည်။

 

လွန်ခဲ့တဲ့လက ကိန်းစ်ရုပ်ရှင်ပွဲတော်ပါတီမှာ သူတို့နှစ်ဦးဟာ အနမ်းချင်းဖလှယ်ခဲ့ကြပြီး ရုပ်ရှင်တစ်ခုကိုလဲ အတူသွားကြည့်ခဲ့ကြပါတယ်။ မကြာသေးမီကလည်း သူတို့နှစ်ဦးဟာ ပဲရစ်ရဲ့လမ်းမထက်မှာ အတူလမ်းလျှောက်ပြီး ဓာတ်ပုံအတူရိုက်ခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် ကဖေးတစ်ခုမှာ စကားစမြည်ပြောပြီး ဘယ်လာ့ကို နှင်းဆီပန်းလက်ဆောင် ပေးခဲ့ကြောင်းလည်း ဟောလိဝုဒ်မီဒီယာ များ ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

သူတို့နှစ်ဦးဟာ လန်ဒန်မှ ပဲရစ်သို့ ကိုယ်ပိုင်လေယာဉ်နဲ့ ရောက်ရှိလာခြင်းဖြစ်ပြီး တစ်နေ့လုံး ပဲရစ်ရဲ့လမ်းများထက်မှာ အချိန်တွေကို ကုန်ဆုံးစေခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ကြည်နူးဖွယ် ညစာစားပွဲပြီးမှသာ တည်းခိုရာဟော်တယ်များဆီသို့ လမ်းခွဲခဲ့ကြောင်း သိရှိရပါတယ်။

 

အေရီဇော်