ဟိုပုံး စက်တင်ဘာ ၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကျင်းပသည်။

 

လောင်းလှူပူဇော်

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဟိုပုံးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းပေါင်း ၁၃ ကျောင်းမှ သံဃာတော် ၅၄၁ ပါးတို့အား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ သဒ္ဓါထက်သန် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများကို စုပေါင်းလောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)