ပေါက်  ၁  ဧပြီ


ပေါက်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကြီးမှူး၍ မွေးမြူရေးဆိုင်ရာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းကို မတ် ၃၁ ရက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေပေါက်ပင်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။


သင်တန်းတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ပခုက္ကူခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်ဦးက ပြည်သူတွေ နေ့စဉ် ဝယ်ယူစားသုံးနေတဲ့ အသားငါးများ အန္တရာယ်ကင်းစွာ ဝယ်ယူစားသုံးနိုင်ရေးနှင့် တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်ပြန့်ပွားတတ်သော ရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ သင်တန်းတွင် သင်တန်းသား ၂၀ လေ့လာသင်ယူခဲ့ကြောင်း သိရသည်။


ဉာဏ်တိုး(ပေါက်)