ပေကျင်း ၁၈ ဖေဖော်ဝါရီ
နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ဆက်လက်မြင့်တက်နေချိန် နိုင်ငံတစ်ဝန်း၌ ဗိုင်းရပ်စ် အန္တရာယ်မှကာကွယ်ရန် နှာခေါင်းစည်းများ ပိုမိုလိုအပ်လာနေသည့်အတွက် လိုအပ်ချက်ပြည့်မီစေရန် ပေကျင်း၌ နှာခေါင်းစည်း ထုတ်လုပ်သည့် စက်ရုံအသစ်ကို ခြောက်ရက်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
China Construction First Group မှ တာဝန်ယူ ဆောင်ရွက်မည့် အဆိုပါစက်ရုံသစ်သည် တစ်ရက်လျှင် နှာခေါင်းစည်းပေါင်း ၂၅၀၀၀၀ အထိ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။
အဆိုပါ စက်ရုံစီမံကိန်းကို လာမည့်စနေနေ့တွင် သေချာပေါက်ပြီးစီးစေရေးအတွက် ဖေဖော်ဝါရီ ၁၇ ရက်တွင် လုပ်ငန်းစတင်နေကြောင်း သိရသည်။
ဆင်ဟွာ


