၃ ဒီဇင်ဘာ
ပေကျင်းရှိ ဂျပန်စားသောက်ကုန်ထုတ်လုပ်သည့်စက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လေးဦးသေဆုံးပြီး အခြားနှစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
ရွှန်ရီ ခရိုင်ရှိ ရှိ ပဲထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင် ယနေ့ မနက် ၃ နာရီကျော်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားကြောင်း ဒေသခံမီးသတ်သမားများက သတင်းရရှိခဲ့သည်ဟု နိုင်ငံပိုင် တရုတ်ဗဟိုရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။
ထိုစက်ရုံကို ကျိုနီချီ တိုဒိုင် စားသောက်ကုန်က ပိုင်ဆိုင်သည်။ ထိုစက်ရုံပေါက်ကွဲမှုကြောင့် အခြား ၁၀ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ၎င်းတို့ကိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
စက်ရုံပြတင်းပေါက်များ ကျိုးပဲ့ခဲ့ပြီး နံရံများ မီးလောင်ကျွမ်းကာ အပျက်အစီးများ ပြန့်ကြဲနေကြောင်း ဖော်ပြထားသည်။
အဆိုပါ စက်ရုံပေါက်ကွဲမှုကြောင့် ပျောက်ဆုံးနေသူများကို ရဲတပ်ဖွဲ့က ရှာဖွေနေပြီး ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


