ပေါလ် မက္ကာသီ ၇၆ နှစ်ပြည့်မွေးနေ့ နှင့် သီချင်းအခွေသစ် မိတ်ဆက်ပွဲကို တစ်ပြိုင်တည်း ကျင်းပ

၁၉ ဇွန်

 

ဘီတဲလ်စ် (The Beatles) တေးဂီတဖွဲ့ အဖွဲ့ဝင်ဟောင်း ပေါလ် မက္ကာသီရဲ့ ၇၆ နှစ်ပြည့်မွေးနေ့ကို တနင်္လာနေ့က ကျင်းပပြီး "Egypt Station" လို့ နာမည်ပေးထားတဲ့ သီချင်းခွေအသစ်မှာ ပါဝင်တယ်လို့ယူဆရတဲ့ သီချင်းနဲ့ မိတ်ဆက်မှုကိုလည်း တစ်ပြိုင်တည်း လုပ်ဆောင်ခဲ့ပါတယ်။

 

၂၀၁၃ ခုနစ်ကတည်း သီချင်းအသစ်တွေနဲ့ ပရိသတ်ကို မိတ်မဆက်တော့တဲ့ ပေါလ်ဟာ အခုတော့ သီချင်းခွေအသစ်ထုတ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ကြေးပေးကြပါတယ်။

 

 

ရော့ခ် ဂီတဘုရင် ပေါလ်ဟာ အီဂျစ်ကို အိန္ဒိယထက်ပိုပြီး စိတ်ဝင်စားတယ်လို့ လူသိများပါတယ်။ သူဟာ ၁၉၉၉ ခုနစ်က "Egypt Station" လို့ အမည်ပေးထားတဲ့ ပန်းချီတစ်ကားကို ရေးဆွဲခဲ့ပါသေးတယ်။ အဲဒီပန်းချီကားဟာ ကောင်းကင်ပြာအောက်မှာ တိရိစ္ဆာန်လေးတွေနဲ့ နေကြာပန်းတွေ နဲ့ သရုပ်ဖော်ထားပါတယ်။

 

ဘီတဲလ်စ် (The Beatles) တီးဝိုင်းဟာ အနှစ် (၄၀) ကျော် ဖျော်ဖြေမှုတွေ မလုပ်ဘဲ အနားယူပြီးနောက်ပိုင်းမှာ ၂၀၁၆ / ၂၀၁၇ ခုနစ်မှာ ကမ္ဘာကို လှည့်လည်ပြီး တစ်ကျော့ပြန် ဖျော်ဖြေပွဲတွေလုပ်ခဲ့ပါတယ်။

 

 

ပေါလ်က သူဟာ အသက် ၈၀ ရောက်တဲ့အထိ ဖျော်ဖြေမှုတွေလုပ်သွားမယ်လို့ Rolling Stone မဂ္ဂဇင်းကို လွန်ခဲ့တဲ့ နှစ်နှစ်က ပြောဖူးပါတယ်။

 

အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ပေါလ်မက္ကာသီ ဟာ ဖျော်ဖြေပွဲတွေ မတိုင်ခင်မှ အရက်သေစာ သောက်စားခြင်းကို ရပ်ထားတဲ့အတွက် သီချင်းစာသားတွေကို မမေ့တော့ပါဘူးလို့ ပြောပါတယ်။

 

MDN

ကိုးကား- AFP