ပေါင်မြို့နယ်အတွင်း အခြေခံစာတတ်မြောက်ရေးအတွက် စာသင်သား ၅၇၀ အား စာသင်ဝိုင်း (၃၈)ဝိုင်း ဖွင့်လှစ်သင်ကြားပေး

ပေါင် ဧပြီ ၇

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာပြီးဆုံးသည်ထိ မသင်ကြားခဲ့ရသူများ၊ စာမတတ်သူ၊ ကျောင်းမနေသူများ ပညာရေးနှင့် ရင်နှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေး မြှင့်တင်နိုင်ရေးအတွက် ဧပြီ ၆ ရက်မှစတင်ကာ ကျေးရွာအုပ်စုပေါင်း (၁၈)စုတို့၌ စာသင်ဝိုင်း (၃၈)ဝိုင်း ဖွင့်လှစ်ကာ စာသင်သား ၅၇၀ အား သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အဆင့် စာတတ်မြောက်ရေး ကြီးကြပ်မှုကော်မတီမှ သိရသည်။

 

စာသင်ဝိုင်းများ စတင်ဖွင့်လှစ်သင်ကြားရာသို့ မြို့နယ်အဆင့် စာတတ်မြောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်း‌အောင်နှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

 

ပေါင်မြို့နယ်အတွင်း အဆိုပါစာသင်ဝိုင်းများကို ဧပြီ ၆ ရက်မှ မေ ၈ ရက်အထိ ရက်ပေါင်း (၄၀)ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး နည်းပြဆရာ/ဆရာမ ၇၆ ဦး၊ ကြီးကြပ်ဆရာမ ၁၀ ဦးတို့က သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

မွန်မလေး(ပြန်/ဆက်)