ပေါင် စက်တင်ဘာ ၂၅
မွန်ပြည်နယ် ပေါင်မြို့နယ်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပေါင်မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာအချို့၌ ဆောင်ရွက်သည်။
ထိုသို့ ထိုးနှံပေးရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်ရဲအောင်က ခွေးရူးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအချို့တွင် မွေးမြူထားသော ခွေးအကောင် ၁၅၀ အား ခွေးရူးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် တစ်အိမ်တက်ဆင်း ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)


