ပေါင် အောက်တိုဘာ ၁၁

 

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ပြည်သူလူထုအတွက် ရွေးကောက်ပွဲနှိုးဆော်အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်စည်ပင်ဂိတ်အနီး (မြို့အဝင်) ကဒုံစီးရပ်ကွက်၌ ကျင်းပသည်။

 

မြေစိုက်ပိုစတာ စိုက်ထူရာတွင် သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများက “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့” စာသားပါ ပြည်သူအသိပညာပေးမြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ပက်ဖျန်းဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။ 

 

မွန်မလေး(ပြန်/ဆက်)