ပေါင် ၂ ဇန်နဝါရီ

 

သထုံခရိုင် ပေါင်မြို့နယ် ကျွဲခြံကျေးရွာ ကျွဲခြံ-အလှပ်သွား ကားလမ်းဘေး ကွင်းအမှတ်(၈၇၈)ရှိ လယ်တဲတွင် ယနေ့နံနက်ပိုင်းက မီးဖိုချောင်မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

21

 

ရွာပြန်မလို့ လုပ်နေတုန်းမှာ လယ်ကွက်ထဲမှာ မီးခိုးတွေတက်နေတာ လှမ်းတွေ့တာ၊ သေချာကြည့်တော့ လယ်တဲကနေတစ်ဆင့် မီးကူးတာဖြစ်နေတာ၊ ကျွန်တော်တို့နဲ့ ဘေးပတ်ဝန်းကျင်က လူတွေ ပြေးလာပြီး အခြားလယ်တဲတွေမကူးဖို့ လူစုခွဲပြီး ဝိုင်းဝန်းမီးငြှိမ်းသတ်နေချိန်မှာ မီးသတ်ဌာန အကြောင်းကြားလိုက်တယ်၊ လယ်ရှင်က ရွာခဏပြန်တက်နေတယ်လို့ ပြောတယ်၊ မီးကြွင်းမီးစကနေ စလောင်တာပေါ့၊ လေကလည်းကောင်းနေတော့ ပိုဆိုးတာပေါ့ ဟု အဆိုမီးလောင်မှုဖြစ်ပွားရာ၌ ကူညီပေးနေသူတစ်ဦးက ပြောသည်။

 

22

 

အဆိုပါမီးလောင်မှုအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးငြိမ်းကိုကိုဦးနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးဝင်းနိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ပြည်သူများက မီးငြှိမ်းသတ်ယာဉ်ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ (၅)မိနစ်ခန့်အကြာတွင် မီးလုံးဝငြိမ်းခဲ့သည်။

 

မီးလောင်မှုကြောင့် ဖက်မိုးဖက်ကာ ဝါးခင်းလယ်တဲတစ်လုံး မီးလောင်ခဲ့ရာ လူနှင့်တိရစ္ဆာ ထိခိုက်မှု မရှိကြောင်းနှင့် မီးအားပေါ့လျော့စွာ အသုံးပြုသူ ဦးစိုးထွန်းအား ဥပဒေအရ စစ်ဆေးလျက်ရှိကြောင်း မြို့မရဲစခန်းမှ သိရသည်။

 

ကိုဟိန်း(ပေါင်)