နေပြည်တော် ၉ မတ်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာနေ မစန္ဒာစိုး(ခ) ဘိုမ(၂၀)နှစ်သည် မတ်လ ၈ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်က နေအိမ်၌ ထင်းမီးဖိုဖြင့်ပုဇွန်ပြုတ်၍ အိပ်ပျော်သွားရာမှ နေအိမ်ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့သည်။
မီးလောင်မှုဖြစ်ပွားသဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ ၁၂ နာရီခွဲ အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး နေအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံးခဲ့သောကြောင့် မစန္ဒာစိုး(ခ)ဘိုမအား ပေါင်မြို့မရဲစခန်း မှ အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။
(ရဲပြန်ကြား)


