ပေါင်းတည်  ၁၃  ဖေဖော်ဝါရီ

 

 ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၊ မင်းကွက်(၃)ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းဘေးတွင် ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပေါင်းတည်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ နတ်တလင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ပုတီးကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ပြည်ခရိုင်မြို့နယ်မီးသတ်စခန်း အုပ်ချုပ်မှုယာဉ် (၁)စီး ပေါင်းတည်မြို့နယ်အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျှက် ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဉီးစီးဌာနမှ သိရသည်။

 

MDN