ပေါင်းတည် ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက မြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေး မပြုလုပ်ရသေးသူများနှင့် ပျက်စီး၊ ပျောက်ဆုံး နိုင်ငံသားစိစစ်ရေးကတ်များကို နေ့စဉ်ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်များ ပျက်စီး၊ ပျောက်ဆုံးမှု များနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လမ်းညွှန်ချက်များအတိုင်း ပေါင်းတည်မြို့နယ် လဝကရုံး ဝန်ထမ်းများက လိုအပ်သော ပြည်သူများအတွက် အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေသား(IPRD)


