ပေါ်တို မတ် ၂၃

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့် နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာထားသည့် ပေါ်တူဂီ၌ ရောဂါကာကွယ်ရေး စည်းကမ်းများကို မလိုက်နာသည့်အတွက် လူခုနစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး အရေးယူလိုက်ကြောင်း ပေါ်တူဂီအစိုးရသတင်းရင်းမြစ်တစ်ခုက ယမန်နေ့တွင် ပြောကြားခဲ့သည်။

အဖမ်းခံရသူတစ်ဦးမှာ တာဝန်အရ ၎င်းနေထိုင်ရမည့်ကန့်သတ်နေရာတွင် နေထိုင်ခြင်းမရှိခဲ့သည့်အတွက် အဖမ်းခံရခြင်းဖြစ်ကြောင်း ပေါ်တူဂီပြည်တွင်း စီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီး အက်ဒိုကာဘရစ်တာ က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အခြားသူ ခြောက်ဦးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ညွှန်ကြားမှုကို လိုက်နာခြင်းမရှိသည့်အတွက် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ နိုင်ငံတော်အရေးပေါ် အခြေအနေကြေညာချက်အရ ထုတ်ပြန်ထားသည့် စည်းကမ်းများကို လိုက်နာမှုမရှိသူများအနေဖြင့် အနည်းဆုံးထောင်ဒဏ်တစ်နှစ် သို့မဟုတ် ရက်ပေါင်း ၁၂ဝ အထိနှင့် ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်း ပေါ်တူဂီဥပဒေအရ သိရသည်။ တစ်ရက်တာ ဝင်ငွေပြစ်ဒဏ်ဟူသည် အပြစ်ကျူးလွန်သူ၏ တစ်ရက်ဝင်ငွေ ပမာဏအပေါ် မူတည်ကာ ဒဏ်ငွေပေးဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ