ဖားကန့် ၃ ဖေဖော်ဝါရီ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာတွင် ယမန်နေ့ ည ၇ နာရီခွဲခန့်က နေအိမ်အတွင်း ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် နေအိမ် ၅ လုံးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆိပ်မူကျေးရွာနေ ဦးနိုင်ဦး၏ နေအိမ်တွင် မီးဖိုချောင်အတွင်း ဂတ်စ်အိုးအသုံးပြုရာမှ ပေါက်ကွဲခဲ့သဖြင့် ၎င်း၏နေအိမ် အပါအဝင် အနီးရှိနေအိမ် ၄ လုံးသို့ပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်အုပ်ချပ်ရေးမှူး ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ရပ်ရွာပြည်သူများက မီးသတ်ယာဉ်(၉)စီး၊ ကျောက်မျက်ကုမ္ပဏီများမှ ရေသယ်ယာဉ်(၇)စီးနှင့် ဘက်ဟိုးယာဉ် တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီခွဲခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၉ နာရီခန့်တွင် မီးငြှိမ်းနိုင်ခဲ့သည်။
မီးလောင်မှုကြောင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးနိုင်ဦး (၅၄) နှစ်အား ဖားကန့်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


