နေပြည်တော် ၂၅ ဒီဇင်ဘာ 

အမှတ်(၄) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီခွဲက ဖားကန့်မြို့နယ်၊ ဂျန်ဂါကျေးရွာအနီး ဖားကန့်-ဝှေခါ ကျေးရွာသွား ကားလမ်းဘေး၌ ဘီးချော်ရပ်တန့်နေသော မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်နေ စိုးမိုး (ခ) ကျော်စိုးမိုး(၄၅)နှစ် မောင်းနှင်ပြီး တပ်ကုန်းရပ်ကွက်နေ ထိန်နန်(၄၀)နှစ် လိုက်ပါလာသည့် 1B/×××× Nissan ၁၀ ဘီးယာဉ်အား မသင်္ကာ၍ စစ်ဆေးရာ ယာဉ်ပေါ်မှ ကျောက်စိမ်းအရိုင်းတုံးဟု ယူဆရသည့် ကျောက်များထည့်ထားသော ဆာလာအိတ် ၄၂၀ အိတ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား