နေပြည်တော် ၁၀ မတ်
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းအောင်ကျေးရွာအနီး၊ နမ့်မှော်-ဝှေခါ သွား ကားလမ်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ယမန်နေ့က လှရိန် မောင်းနှင်လာသော မော်တော် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေခဲ့သည်။
ထိုသို့ စစ်ဆေးခဲ့ရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၇၀၀၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် လှရိန်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား


