ဖာပွန် ၂၂ မတ်
ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့၌ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် ငွေကျပ်သုံးသိန်းကျော်တန်ဖိုးရှိ မော်တော်ဆိုင်ကယ်စီး ဦးထုပ်များ ပထမအကြိမ် အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ခရိုင်မီးသတ်ဦးစီးဌာနရုံးရှေ့ရှိ လမ်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအေး၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး စောကျော်မင်းဦးနှင့် တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ က ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းဆိုင်ရာများ၊ မော်တော်ဆိုင်ကယ်များ လူနှစ်ဦးထက်ပိုမိုစီးနင်းမှုမရှိရေး၊ အရက်သေစာသောက်စားပြီး မောင်းနှင်မှုမရှိရေး စသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောသည်။
ယင်းနောက် ငွေကျပ်သုံးသိန်းကျော် တန်ဖိုးရှိ မော်တော်ဆိုင်ကယ်စီး ဦးထုပ်များအား အခမဲ့ဖြန့်ဝေပေးပြီး၊ ဆက်လက်၍ ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေစေရေး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဝဏ္ဏ(ပြန်/ဆက်)


