ဖျာပုံ  ဇန်နဝါရီ   ၅

ဖျာပုံမြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်ညွှန်ကြားမှုဖြင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပသော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာဖူဆယ်ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို   ဇန်နဝါရီ  ၂  ရက်က  ဖျာပုံမြို့နယ် ပြည်သူ့အားကစားခန်းမ၌ ကျင်းပသည်။

အဆိုပါ (၇၈)နှစ်မြောက်  လွတ်လပ်ရေးနေ့အထိမ်းအမှတ် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဌာနဆိုင်ရာဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ဖျာပုံခရိုင်ပညာရေးနှင့်  ဖျာပုံခရိုင်ငါးလုပ်ငန်းအသင်းတို့ ယှဉ်ပြိုင်ကြရာ ဖျာပုံခရိုင်ပညာရေးအသင်းက ဖျာပုံခရိုင် ငါးလုပ်ငန်းအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။ 

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက   ပထမဆုရ   ခရိုင်ပညာရေးအသင်းအား  ဆုဖလား၊ ဆုတံဆိပ်နှင့် ဆုငွေများကို ချီးမြှင့်ပြီး ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဒုတိယ၊ တတိယနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုရသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)