ဖျာပုံ ဩဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့တွင်းစတိုးဆိုင်များ၌ ကွင်းဆင်းဆောင်ရွက်သည်။
အသိပညာပေးဟောပြော
ထိုသို့ဆောင်ရွက်ရာတွင် ဖျာပုံခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်မင်းဦး ဦးဆောင်၍ သန္ဓေအရန်မီးသတ် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စတိုးဆိုင်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းဆိုင်ရာ အကြောင်းအရာများကို စတိုးဆိုင်အရောင်းဝန်ထမ်းများအား အသိပညာပေးဟောပြောပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံမှုရှိစေရေး၊ လျှပ်စစ်မီးသွယ်တန်းမှု စနစ်တကျ ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ အသင့်ထားရှိရန်နှင့် မီးသတ်ဆေးဘူး အသုံးပြုနည်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးဟိန်းထက်


